၁၀.၁.၂၀၂၁ ရက်နေ့၊ ၀၀ ၁၅ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်နေ ပိုင်ရှင် ဦးစောလွင်၏ (၄၀x၃၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၂)ထပ် “မေရီချို” လူသုံးကုန်နှင့် ဆေးပစ္စည်းဆိုင်တွင် ကားဂိုဒေါင်အတွင်းရှိ ရေမော်တာ မိန်းခလုတ်မပိတ်မိရာမှ ဝါယာကြိုးအပူလွန်ကဲပြီးအနီးရှိ ဆိုင်ကယ် နှင့် တာဘော်လင်စပေါ်သို့ မီးကူးစက်လောင်ကြောင်း ၀၀ ၃၄ အချိန်သတင်းရရှိသဖြင့် တန့်ဆည်မြို့နယ်မီးသတ်စခန်း၊ ရေဦးမြို့နယ်မီးသတ်စခန်း၊ ဒီပဲယင်းမြို့နယ်မီးသတ်စခန်း၊ ရွာရှည်(မ)နယ်မြေမီးသတ်စခန်း၊ အင်္ကုက္ကားနယ်မြေ မီးသတ်စခန်းနှင့်တန့်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၆)စီး၊ သန္ဓေ (၄၂)ဦး၊ အရန် (၃၀)ဦးတို့ဖြင့် ရေဂါလန် (၁၆၀၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၁ ၃၅ အချိန်မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် Mark 2 အိမ်စီးယာဉ်(၁)စီး၊ Suzuki Ertiga အိမ်စီးယာဉ်(၁)စီး၊ Super Cup ဆိုင်ကယ် (၁)စီးနှင့် (၄၀x၃၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း (၂)ထပ် လူနေဆိုင်ခန်း (၁)လုံးမီးလောင်ခံရပြီး ပိုင်ရှင် ဦးစောလွင် အား တန့်ဆည်မြို့မရဲစခန်းမှ (ပ) ၁၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။