၁၇.၁၀.၂၀၂၀ ရက်နေ့၊ ၀၁ ၃၀ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာ၊ အိမ်ရှင် ဦးမျိုးမင်းသန့်၏ (၁၆x၁၆)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် နေအိမ်တွင် TV ပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၀၁ ၅၀ အချိန် သတင်းရရှိသဖြင့် အင်းတော်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ အင်းတော်အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၄)စီး၊ သန္ဓေ(၁၄)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန် (၅၆၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၂ ၀၈ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် (၁၆x၁၆)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၁)လုံး၊ မော်တော်ယာဉ် ဦးခေါင်းပိုင်းနှင့်တာယာများ မီးလောင်ခံရပြီး ကျား(၁)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပါကြောင်းနှင့် အိမ်ရှင် ဦးမျိုးမင်းသန့်အား နဘားနယ်မြေ ရဲစခန်းမှ (ပ) ၉၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ – ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။