၁၇.၉.၂၀၂၀ ရက်နေ့၊ ၁၆၁၅ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည်တော်သာရပ်ကွက်၊ မြို့ပတ်လမ်းတွင် အရှည်(၄၀)ပေ၊ လုံးပတ်(၄)ပေခန့်ရှိ ထနောင်းပင်သည် လမ်းမပေါ်သို့ ကန့်လန့်ဖြတ်လဲကျနေကြောင်း ၁၇၃၀ အချိန် သတင်းရရှိသဖြင့် မုံရွာခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၁၂)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၉၀၆ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။