၁၅.၉.၂၀၂၀ ရက်နေ့၊ ၂၁၀၀ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ကုန်း ကျေးရွာရှိ လူနေအိမ်အတွင်းသို့ လုံးပတ်(၁၀)လက်မခန့်၊ အလျား (၉)ပေခန့်ရှိ စပါးအုံးမြွေ(၁)ကောင် ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ သန္ဓေ(၅)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖမ်းဆီးရာ ၂၁၂၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါ မြွေဝင်ရောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် စပါးအုံးမြွေအား တောင်ဖီလာဘေးမဲ့တောသို့ လွှတ်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။