၃၀.၇.၂၀၂၀ ရက်နေ့၊ ၀၄၄၀ အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မိုင်တိုင် အမှတ်(၁၂၀/၂)နှင့် (၁၂၀/၃)အကြား၊ ရေဦးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနအနီး စစ်ကိုင်း-မုံရွာ-ရေဦး-ကလေးဝ ကားလမ်းမပေါ်သို့ ထနောင်းပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေဦးမြို့နယ်မီးသတ် စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်(၅)ဦး၊ ရေဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၄)ဦးတို့ဖြင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ၀၅၄၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။