(၂၉.၁၂.၂၀၁၉)ရက်နေ့၊ (၀၆ ၀၀)အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်း‌ကျေးရွာ၊ (မြောင်လမ်းခွဲအနီး)၊ မန္တလေး-မုံရွာကားလမ်း၊ မိုင်တိုင်အမှတ်(၅၅/၇)နှင့် (၅၆/၀)ကြားတွင် မန္တလေးဘက်မှ မုံရွာဘက်သို့ ယာဉ်မောင်း ဦးဝေဘုန်းထူး မောင်းနှင်လာသော ယာဉ်အမှတ် YGN(7B-1501)MITSUBISHI FUSO အမျိုးအစား EXPRESS ခရီးသည်တင် (အပြာရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှမောင်းနှင်သော (စုံစမ်းဆဲ) ကုန်တင်ယာဉ်အား နောက်မှ ဝင်တိုက်မိမှု ဖြစ်ပွားကြောင်း (၀၆ ၀၅)အချိန် သတင်းရရှိသဖြင့် မြင်းမူမြို့နယ်မီးသတ်စခန်းမှ အမြုပ်ဆေးရည် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ အရန် (၅)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ခရီးသည်တင် ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၁၁)ဦးတို့အနက် ယာဉ်နောက်လိုက် ဦးဇေယျာသိန်း (သေဆုံး)ခဲ့ပြီး မြတ်သုခလူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် မြင်းမူမြို့နယ်ပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။