(၅. ၆.၂၀၁၉)ရက်နေ့၊ (၁၄ ၅၅)အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်၊ မုံရွာ-ကနဲလမ်း မိုင်တိုင်(၂/၁)တွင် ဘုတလင်ဘက်မှ ကနဲဘက်သို့ ယာဉ်မောင်း ဦးနိုင်စိုး မောင်းနှင်လာသော ယာဉ်အမှတ် MDY 6N/8330 ISUZU (အပြာရောင်) ခရီးသည်တင်ယာဉ်အား ကနဲဘက်မှ ဘုတလင်ဘက်သို့ ယာဉ်မောင်း ဦးဝေရန် မောင်းနှင် လာသော ယာဉ်အမှတ် MDY 8J/9098 TOYOTA (ခဲရောင်) အံစာတုံးယာဉ်မှ အရှိန် မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ဝင်တိုက်မှုဖြစ်ပွားကြောင်း (၁၅ ၀၀)အချိန်သတင်းရ၊ ဘုတလင် မြို့နယ်မီးစသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၈)ဦးတို့ဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် MDY 6N/8330 ISUZU (အပြာရောင်) ခရီးသည်တင် ယာဉ်ပေါ်ပါ ယာဉ်နောက်လိုက် ကျား(၁)ဦးနှင့် MDY 8J/9098 TOYOTA (ခဲရောင်) အံစာတုံးယာဉ်ပေါ်ပါ ကျား(၁)ဦး၊ စုစုပေါင်း ကျား(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိ၊ ဒဏ်ရာရရှိသူ များအား ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အား ပေါ့ဆစွာမောင်းနှင်သူ ဦးဝေရန် အား ဘုတလင်မြို့မရဲစခန်းမှ ယာဉ်(ပ) ၂၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၃/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။