၁၁.၁၀.၂၀၂၀ ရက်နေ့၊ ၁၃ ၅၅ အချိန်ခန့်၊ ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်နေ အိမ်ငှား ဒေါ်ရွှေသင်း၏ (၂၆x၁၆)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ် အပေါ်ထပ်တွင် TVဖွင့်ထားရာမှ ပလပ်ခေါင်းအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း ၁၄ ၀၀ အချိန် သတင်းရရှိသဖြင့် ဟားခါးခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ဟားခါးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၄၅)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၄၈၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၁၅ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၆x၁၆)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ် အပေါ်ထပ် မီးလောင်ခံရပြီး အိမ်ငှား ဒေါ်ရွှေသင်းအား ဟားခါးမြို့မရဲစခန်းမှ (ပ)၁၄၁/၂၀၂၀၊ ရာဇတ်သတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။