ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်ရှိ ပိုင်ရှင် ဒေါ်ရွှေပဲင်း၏ ၁၂x၁၆ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်လူနေအိမ်တွင် ၂၃.၄.၂၀၂၁ ရက်နေ့၊ ၀၀ ၃၀အချိန်ခန့်က မီးဖိုဆောင်ရှိ လျှပ်စစ် ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၀၀ ၃၅အချိန် ဟားခါးမြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဟားခါးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေ(၁၇)ဦး၊ အရန်(၅)ဦးတို့သည် ရေဂါလန် (၁၆၀၀)အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၀ ၅၅အချိန် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် (၁၂x၁၆)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် လူနေအိမ်(၁)လုံး မီးလောင်ခံခဲ့ရပြီး အိမ်ငှား ဒေါ်သော့ခ်ဆုန် အား ဟားခါးမြို့မရဲစခန်းမှ (ပ)၆၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါကြောင်း သိရသည်။