ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်တွင် ၁၉.၁၀.၂၀၂၁ ရက်နေ့၊ ၁၀ ၀၀အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဗိုလ်ချုပ်လမ်း၏ အပေါ်ဘက် အမြင့်ပေ(၁၀၀)၊ အလျား(၈၀)ပေခန့်ရှိ ကမ်းပါးယံပြိုကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း ဖလမ်းခရိုင်မီးသတ်စခန်းမှ ၁၀ ၃၀အချိန် သတင်းရရှိ သဖြင့် ဖလမ်းခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၁)စီး၊ သူနာတင် ယာဉ်(၁)စီး၊ သန္ဓေ(၃၀)ဦး၊ ရပ်ကွက်နေပြည်သူ(၂၀)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁၆ ၀၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။