၁၂.၁.၂၀၂၁ ရက်နေ့၊ ၀၄ ၁၀ အချိန်ခန့်၊ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနေ ပိုင်ရှင် ဒေါ်မန်းလှယ်ဇိန်း၏ (၄၀x၃၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်တွင် လျှပ်စစ်အပူပေး ကိရိယာ (Heater)အား အသုံးပြုပြီး မီးခလုတ်မပိတ်ဘဲထားခဲ့ရာမှ အပူလွန်ကဲပြီး အနီးရှိ စောင်နှင့် ကြမ်းခင်းများသို့ မီးကူးစက်လောင်ကျွမ်းရာမှ မီးလောင်မှုဖြစ်ပွားကြောင်း ၀၄ ၂၀ အချိန် သတင်းရရှိသဖြင့် ဖလမ်းခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၄၅)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန် (၂၁၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅ ၂၀ အချိန် မီးငြိမ်းပါသည်။

မီးလောင်မှုကြောင့် လူနေအိမ်(၅)လုံး၊ ခရစ်ယာန်ဘုရားကျောင်း (၁)လုံး၊ စုစုပေါင်း (၆)လုံး မီးလောင်ခံရပြီး မ(၂)ဦး မီးလောင်သေဆုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်မန်းလှယ်ဇိန်း(သေဆုံး) အား ဖလမ်းမြို့မရဲစခန်းမှ (ပ) ၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄- က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။