၂၁.၉.၂၀၂၀ ရက်နေ့၊ ၀၇ ၀၀ အချိန်ခန့်၊ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ခေါဝုန်လေးဆန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုကျပြီး ပိုင်ရှင် ဒေါ်ဝုန်လမ့်နို ၏ (၄၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ်ရှိ မီးဖိုဆောင်ပေါ်သို့ ပိမိမှုဖြစ်ပွားကြောင်း ၀၈ ၀၀ အချိန် သတင်းရရှိသဖြင့် တွန်းဇံမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၂)ဦးတို့သည် ဆိုင်ကယ်များဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၀၉ ၃၀ အချိန် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။