၁၃.၉.၂၀၂၀ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့်၊ ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ခေါဝုန်လေးဆန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်အထက်နားလမ်း၏ နှုတ်ခမ်းဘေးမှ မြေအက်ကွဲကြောင်းများဖြစ်ပေါ်နေပြီး ဆက်လက်နေထိုင်ရန် အန္တရာယ်ရှိနေကြောင်း သတင်းရရှိသဖြင့် တွန်းဇံမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၁၆)ဦး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၁ ၃၀ အချိန်တွင် လုပ်ငန်း ဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။