(၁၀.၉.၂၀၁၉) ရက်နေ့၊ (၁၄ ၃၅) အချိန်ခန့်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မြဝတီ-ကော့ကရိတ် သွား၊ အာရှကားလမ်း၊ မိုင်တိုင်အမှတ်(၁၅၈)နှင့် (၁၅၉)အကြား ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ယာဉ်အမှတ်(4G-3480) YUTONG(အနီရောင်) မှန်လုံယာဉ်သည် ခရီးသည် ကျား(၄)ဦး၊ မ(၃၃)ဦး၊ စုစုပေါင်း (၃၇)ဦး လိုက်ပါလာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း (၁၄ ၄၀)အချိန် သတင်းရရှိသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦး၊ အရန်(၆)ဦးတို့မှ အခင်းဖြစ်နေရာသို့ ထွက်ခွာခဲ့ပါသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၃၇)ဦးအနက် မ(၁)ဦး (သေဆုံး)၊ ကျား(၃)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်း(၂၀)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် မြဝတီမြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။