၂၉.၁၁.၂၀၂၀ ရက်နေ့၊ ၀၄ ၄၅ အချိန်ခန့်၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြတ်လေးလမ်းရှိ ပိုင်ရှင် ဒေါ်တင်တင်နွယ်၏ (၃၀x၄၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ်နေအိမ်တွင် လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ မီးစတင်လောင်မှုဖြစ်ပွားကြောင်း ၀၅ ၁၂ အချိန်သတင်းရရှိသဖြင့် ဘားအံမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ သန္ဓေ (၄၃)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၅၀၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၀၅ ၄၅ အချိန် မီးငြိမ်းပါသည်။
အဆိုပါ မီးလောင်မှုကြောင့် (၃၀x၄၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ်နေအိမ်(၁)လုံး နောက်ခြမ်း၊ (၃၀x၄၀) ပေ သွပ်မိုး၊ RC(၂)ထပ် (အပေါ်ထပ်ပျဉ်ထောင်) နေအိမ်(၁)လုံးအပေါ်ထပ်မီးလောင်ခံရနှင့် (၁၂x၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ် နေအိမ်(၁)လုံး အပေါ်ထပ်အကာထရံများ မီးဟပ်ခံရပြီး မီးစတင်လောင်သည့် နေအိမ် ပိုင်ရှင် ဒေါ်တင်တင်နွယ်အား ဘားအံမြို့မရဲစခန်းမှ (ပ) ၄၂၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။
Recent Comments