ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ  ဇမိမြစ်အတွင်း ၃၁.၇.၂၀၂၁ ရက်နေ့၊ ၁၃ ၀၅ အချိန်ခန့်က နတ်ချောင်းအလယ်ကျေးရွာမှ ချောင်းနှစ်ခွကျေးရွာဘက်သို့ သံပရာသီး၊ ရှောက်သီးအိတ်များ တင်ဆောင်မောင်းနှင်လာသော စက်လှေ(၁)စီး နစ်မြုပ်မှုဖြစ်ပွားကြောင်း ကြာအင်း ဆိပ်ကြီးမြို့နယ်မီးသတ်စခန်းမှ ၁၃ ၀၇ အချိန် သတင်းရရှိသဖြင့်  မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စက်လှေ(၁)စီး၊ သန္ဓေ(၅)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၃)ဦးနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ(၄)ဦးတို့ဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရာ ၁၅ ၂၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်းနှင့်အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ပစ္စည်းဆုံးရှုံးမှု မရှိပါကြောင်းသိရသည်။