(၂၃.၅.၂၀၁၉) ရက်နေ့၊ (၀၅ ၂၅) အချိန်ခန့်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုး ကျေးရွာအုပ်စု၊ ထီးတူးကူးကျေးရွာနေ ပိုင်ရှင် ဒေါ်ဖေားဟီး၏ (၂၅x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း မြေစိုက်(၁)ထပ်နေအိမ်တွင် ထင်းမီးဖိုဖြင့် ထမင်းချက်ရာမှ အနီးရှိအကာထရံသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း (၀၅ ၃၁)အချိန်သတင်းရသဖြင့် လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၂၂)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၃၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၅ ၄၅)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၂၅x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း မြေစိုက်(၁)ထပ် နေအိမ်(၁)လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၈၀,၀၀ဝိ/- (ကျပ်တစ်သိန်းရှစ်သောင်း)ခန့် ဖြစ်ကြောင်းနှင့် ပိုင်ရှင် ဒေါ်ဖေားဟီးအား လွိုင်ကော်မြို့နယ် ရဲစခန်းမှ (ပ) ၁၅၀/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။