၂၆.၁၀.၂၀၂၀ ရက်နေ့၊ ၁၁ ၄၀ အချိန်ခန့်၊ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးအောက်ရွာနေ အိမ်ရှင် ဦးစောဂေဒိုး၏ (၁၅x၂၀) ပေ၊ သွပ်မိုး၊ ပျဉ်ထောင်(၂) ထပ်အိမ်ရှိ ရေခဲသေတ္တာ Safe Guard အပူလွန်ကဲရာမှ မီးစတင်လောင်မှုဖြစ်ပွားကြောင်း ၁၁ ၄၅ အချိန် သတင်းရရှိသဖြင့် ဖားဆောင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၂ ၁၅ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၁၅x၂၀)ပေ၊ ပျဉ်ထောင်(၂)ထပ်အိမ် အပေါ်ထပ်မီးလောင်ခံရပြီး အိမ်ရှင်၏သားဖြစ်သူ အယ်ထူးဝေအား မော်ချီးနယ်မြေရဲစခန်းမှ  (ပ) ၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။