(၅. ၆.၂၀၁၉) ရက်‌နေ့၊ (၀၁ ၁၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ မိုင်းနား ကေျးရွာ၊ အမှတ်(၃)ရပ်ကွက်တွင် ပိုင်ရှင် ဒေါ်အေးပွင့် ၏ (၁၅x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်တွင် လျှပ်စစ်မီးခုံမှ လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှမီးစတင်လောင်၊ (၀၁ ၂၃)အချိန်သတင်းရရှိသဖြင့် ဝိုင်းမော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ (၁၂)ဦး၊ အရန်(၁၀)ဦးတို့သည် ‌ရေဂါလံ (၈၀၀) ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၀၁ ၂၆)အချိန်မီးငြိမ်း၊ မီးလောင်မှုကြောင့် (၁၅x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၁)လုံးမီးလောင်ခံရ၊ ဆုံးရှုံးမှုတန်ဖိုး ၂၁၇,၅ဝဝိ/- (ကျပ်နှစ်သိန်းတစ်သောင်းခုနစ်ထောင့် ငါးရာခန့်)ဖြစ်ကြောင်းနှင့် အိမ်၏လုံခြုံရေးကို တာဝန်ယူထားသူ ဒေါ်မာလာကြည်အား ဝိုင်းမော်မြို့မ ရဲစခန်းမှ (ပ)၁၀၁/၂၀၁၉၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။