၃၁.၇.၂၀၁၉ ရက်နေ့၊ (၁၈ ၂၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ရွှေကူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကြီးအောင်ရပ်တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုဖြစ်ပွားကြောင်း (၁၈ ၂၅) အချိန်သတင်းရရှိသဖြင့် ရွှေကူမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၃)ဦးတို့ဖြင့် သွားရောက်၍ ကမ်းပါးပြိုကျမှု ဖြစ်ပွားရာအနီးရှိ လူ‌နေအိမ်မှအိမ်ထောင်စု(၁)စုအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်‌‌ပေးခဲ့ကြောင်း သတင်းရရှိပါသည်။