ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ နယ်မြေ(၈)တွင် ၂၁.၁၀.၂၀၂၁ ရက်နေ့၊ ၁၆၂၇ အချိန်ခန့်က ပိုင်ရှင် ဒေါ်ခင်မူမူ၏ (၄၀x၃၀)ပေ၊ သွပ်မိုး၊ နံကပ်(၂)ထပ် နေအိမ် အပေါ်ထပ်ရှိ လျှပ်စစ်မိန်းခုံအပူလွန်ကဲရာမှ အနီးရှိ သုံးထပ်သားပြားသို့ မီးကူးစက် လောင်ကျွမ်းကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ ၁၆၃၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ် ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၄၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆၄၀ အချိန်မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၄၀x၃၀)ပေ၊ သွပ်မိုး၊ နံကပ် (၂)ထပ် နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်ခင်မူမူ အား မြစ်ကြီးနားမြို့နယ်၊ အမှတ်(၂) နယ်မြေရဲစခန်းမှ (ပ)၂၃၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အ‌ရေးယူဆောင်ရွက်ထားကြောင်း သိရသည်။