ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ နယ်မြေ(၇)တွင် ၉.၉.၂၀၂၁ ရက်နေ့၊ ၁၆ ၄၅ အချိန်ခန့်က ပိုင်ရှင် ဦးအဂျေးကူးမား၏ (၄၀x၃၀)ပေ၊ အုတ်ညှပ်၊ (၂)ထပ်အဆောက်အဦ အောက်ထပ်တွင် ဖွင့်လှစ်ထားသော WINDY CITY ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအရောင်ဆိုင်ခန်းအတွင်းရှိ မီးပလပ်ခုံအပူလွန်ကဲရာမှ အနီးရှိ ရောင်းချရန်ထားရှိသော ဖုန်းဘတ္ထရီများသို့ မီးကူးစက်လောင်မှု ဖြစ်ပွားကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ ၁၆ ၄၈ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၁၀)ဦးတို့သည် ရေဂါလန်(၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၆ ၅၂ အချိန်တွင် မီးငြိမ်းကြောင်း၊ မီးလောင်မှုကြောင့် (၄၀x၃၀)ပေ၊ အုတ်ညှပ်၊ (၂)ထပ်အဆောက်အဦ အောက်ထပ်တွင် ဖွင့်လှစ်ထားသော WINDY CITY ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအရောင်ဆိုင်၏ ဖုန်းဆက်စပ်ပစ္စည်းအနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးအဂျေးကူးမားအား မြစ်ကြီးနားမြို့နယ်၊ အမှတ်(၁)ရဲစခန်းမှ (ပ)၁၀၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သိရသည်။