ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ နယ်မြေ(၁)ရှိ (၃၀x၂၀)ပေ၊ နံကပ်၊ သွပ်မိုး(၁)ထပ်၊ မြောက်ပိုင်း USA ဖုန်းနှင့် ဖုန်းအပိုပစ္စည်းအ‌ရောင်းဆိုင်တွင် ပန်ကာဖွင့်ထားခဲ့ရာမှ ၁၉.၈.၂၀၂၁ ရက်နေ့၊ ၀၂ ၄၀ အချိန်ခန့်က ပန်ကာမော်တာအပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း ကချင်ပြည်နယ်မီးသတ်ဦးစီးမှုးရုံးမှ ၀၂ ၄၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေ(၄၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၆၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃ ၀၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၃၀x၂၀)ပေ၊ နံကပ်၊ သွပ်မိုး(၁)ထပ်၊ မြောက်ပိုင်း USA ဖုန်းနှင့်ဖုန်းအပိုပစ္စည်း အ‌ရောင်းဆိုင်နှင့် ဖုန်းဆိုင်အနီးရှိ (၃၀x၄၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ (၂)ထပ် လူနေအိမ်(၁)လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ဖုန်းဆိုင်တာဝန်ခံ ဦးနော်ထွေအား ပြန်လည်နေရာချထားရေးနယ်မြေရဲစခန်းမှ (ပ)၅၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ  ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။