ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ နယ်မြေ(၄)၊ အောင်ချမ်း သာလမ်းထောင့် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ၄.၆.၂၀၂၁ ရက်နေ့၊ ၁၅ ၁၅ အချိန်ခန့်က လေပြင်းတိုက်ခတ် မှုကြောင့် လုံးပတ်(၁၂)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ ညောင်ပင်လဲကျမှုဖြစ်ပွားကြောင်း မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ ၁၅ ၁၇ အချိန်သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး၊ သန္ဓေ(၃၅)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ လေပြင်းတိုက်ခတ်မှုကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် Canda (အမျိုးအစား)မော်တော်ယာဉ်(၁)စီး၊ ဆိုင်ကယ်(၉)စီး၊ အဆောက်အဦ(၂)လုံးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။