၁၀.၁.၂၀၂၁ ရက်နေ့၊ ၀၉ ၃၃ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၈)နေ ပိုင်ရှင် ဦးတီးတီး၏ (၃၀x၂၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်တွင် သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲပြီး မီးစတင်လောင်ကြောင်း ၀၉၃၄ အချိန် သတင်းရရှိသဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ် (၂)စီး၊ မိတ်ဖက်ယာဉ် (၁)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၇)စီး၊ သန္ဓေ (၃၅)ဦး၊ အရန် (၁၀)ဦးတို့ဖြင့် ရေဂါလန် (၁၆၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၄၁ အချိန် မီးငြိမ်းပါသည်။
အဆိုပါ မီးလောင်မှုကြောင့် (၃၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၁)လုံး၊ (၂၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မီးဖိုဆောင် (၁)လုံး၊ မီးလောင်ခံရပြီး ပိုင်ရှင် ဦးတီးတီးအား မြစ်ကြီးနားမြို့နယ်၊ ပင်လောင်းနယ်မြေရဲစခန်းမှ (ပ)၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Recent Comments