၂၈.၉.၂၀၂၀ ရက်နေ့၊ ၁၃ ၁၅ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်နေ အိမ်ရှင် ဒေါ်ရိုစီ ၏ (၈၀x၂၀)ပေ၊ သွပ်မိုး၊  ထရံကာ၊ အုတ်ခင်းအခန်း (၁၂)ခန်းတွဲနေအိမ်၏ အခန်း  အမှတ်(၆)နေ အိမ်ငှားဖြစ်သူ ကိုခင်ဇော်ဦးသည် အိမ်ထရံအနီး ဆေးလိပ်မီးမငြှိမ်းဘဲထားရာမှ အနီးရှိ အကာထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၁၃ ၁၉ အချိန် သတင်းရရှိသဖြင့် မြစ်ကြီးနားခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှ  မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ သန္ဓေ (၂၅)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၁၃ ၂၁ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၈၀x၂၀)ပေ၊ သွပ်မိုး၊  ထရံကာ၊ အုတ်ခင်း အခန်း (၁၂)ခန်းတွဲတို့ မီးလောင်ခံရခဲ့ရပြီး အိမ်ငှားဖြစ်သူ ကိုခင်ဇော်ဦး အား မြစ်ကြီးနားမြို့နယ်၊ ပလန နယ်မြေရဲစခန်းမှ (ပ) ၅၃ / ၂၀၂၀၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။