၃၁.၈.၂၀၂၀ ရက်နေ့၊ ၁၃ ၃၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ ပညာရေးကောလိပ်လမ်းနှင့် ရတနာလမ်းထောင့်တွင် လုံးပတ် ၃ ပေခန့်၊ အမြင့် ၂၅ ပေခန့်ရှိ မန်ကျည်းပင်လဲကျမှုဖြစ်ပွားကြောင်း ၁၃ ၃၂ အချိန်သတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၅ ၀၀ အချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးပါကြောင်း သတင်းရရှိပါသည်။