၂၂.၁၁.၂၀၂၀ ရက်နေ့၊ ၁၅ ၃၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ဂါးရာယန်ကျေးရွာ၊ နမ်ကျယ်ချောင်း၊ ရေတံခွန်ရေဝဲအတွင်း ကိုနော်ဆန်းနှင့် သူငယ်ချင်း(၁၀)ဦးတို့ ရေဆင်းချိုးရာမှ ကိုနော်ဆန်း ရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားကြောင်း ၁၆ ၅၅ အချိန်သတင်းရရှိသဖြင့် မံစီမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၆)ဦးတို့သည် မော်တော်ဆိုင်ကယ် (၃)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၈ ၀၀ အချိန်ထိ ရှာဖွေတွေ့ရှိခြင်းမရှိပါသဖြင့် ရှာဖွေကယ်ကယ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့ပြီး ၂၃.၁၁.၂၀၂၀ ရက်နေ့၊ ၀၈၀၀ အချိန်တွင် မံစီမြို့နယ်မီးသတ်စခန်းမှ သန္ဓေ (၈)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ၀၉ ၀၀ အချိန်တွင် ရေနစ်ပျောက်ဆုံးသူ ကိုနော်ဆန်း၏ (သေဆုံး)ရုပ်အလောင်းအား ရှာဖွေတွေ့ရှိပါသည်။

အဆိုပါ ရေနစ်(သေဆုံး)သူ ရုပ်အလောင်းအား မေတ္တာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မံစီမြို့နယ်ပြည်သူ့ဆေးရုံ သို့  ပို့ဆောင်ခဲ့ပြီး ၀၉ ၄၅ အချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။