(၁၀.၉.၂၀၁၉) ရက်နေ့၊ (၀၈ ၅၅) အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူ ကျေးရွာအုပ်စု၊ ယူမာကျေးရွာ၊ ကျောက်စိမ်းနန်းတော် KTV (၇၀x၃၀)ပေ RC သွပ်မိုး၊ သံကူကွန်ကရစ် (၂)ထပ်တွင် အခန်းတွင်းတပ်ဆင်ထားသော လျှပ်စစ်မိန်းဘုတ်ခုံရှိ ဝါယာကြိုးများရှော့ဖြစ်ရာမှ နံရံတွင် တပ်ဆင်ထားသည့် အသံလုံဖော့ပြားများအားကူးစက်၍ မီးလောင်မှုဖြစ်ပွားကြောင်း (၀၉ ၀၀)အချိန် သတင်းရရှိသဖြင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ အရန်မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ အရန်ရေသယ်ယာဉ်(၂)စီး၊ မိတ်ဖက်ရေသယ်ယာဉ် (၂)စီး၊ သန္ဓေ(၄)ဦး၊ အရန်(၅၀)ဦးတို့မှ ရေဂါလန် (၁၇၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၉ ၃၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၇၀x၃၀)ပေ၊ RC သွပ်မိုး၊ သံကူကွန်ကရစ်(၂)ထပ်အဆောက်အဦ၏ အပေါ်ထပ်(၆၀%)ခန့်မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး  ၆,၅၀၀,၀၀ဝိ/- (ကျပ်ခြောက်ဆယ့်ငါးသိန်း)ခန့်ဖြစ်ကြောင်းနှင့် တာဝန်ခံမန်နေဂျာ ဦးရန်မျိုးအောင်အား ဖားကန့်မြို့မရဲစခန်းမှ (ပ) ၂၁၅/၂၀၁၉၊ ပြစ်မှုပုဒ်မ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။