ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာတွင် ၁၁.၉.၂၀၂၁ရက်နေ့၊ ၁၃ ၅၀ အချိန်ခန့်က ပိုင်ရှင် ဦးမိုးဟိန်း၏ ရာဘာကြပ်တင်ရုံ (၁၅x၅)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်(၁)ထပ် အဆောက်အဦတွင် မီးဖိုဖြင့် ရာဘာပြားများ ကြပ်တင်ရာမှတစ်ဆင့် အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မိုးညှင်းမြို့နယ်မီးသတ်စခန်းမှ ၁၄ ၀၃အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၅)ဦးတို့သည် ရေဂါလန် (၂၄၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၄ ၁၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၅x၅)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက်(၁)ထပ် အဆောက်အဦ(၁)လုံး၊ ရာဘာပြားအချပ်(၂၀၀)ခန့် မီးလောင်ခံခဲ့ရပါကြောင်းနှင့် ပိုင်ရှင် ဦးမိုးဟိန်းအား မိုးညှင်းမြို့မရဲစခန်းမှ (ပ) ၁၉၃/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားပါကြောင်း သိရသည်။