၂၈.၉.၂၀၂၀ ရက်နေ့၊ ၀၃ ၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ မိုးကောင်းချောင်းရေ မြင့်တက်လာ၍ ဇီးကျွန်းရပ်ကွက်တွင် အိမ်ခြေ(၃၀၀)ခန့်၊ မအူပင်စုရပ်ကွက်တွင် အိမ်ခြေ (၁၂၀)ခန့်၊ မြစိမ်းရောင်ရပ်ကွက်တွင် အိမ်ခြေ(၈၀)ခန့်၊ လမောင်ကထောင်ရပ်ကွက်တွင် အိမ်ခြေ(၁၀၀)ခန့်၊ စုစုပေါင်းအိမ်ခြေ(၆၀၀)ခန့်တွင် ရေဝင်ရောက်လျက် ရှိကြောင်း ၀၇ ၁၅ အချိန် သတင်းရရှိသဖြင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၅)ဦး၊ အရန်(၁၀)ဦးတို့မှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရေဝင်ရောက်ခဲ့သည့် အိမ်ခြေ(၆၀၀)ခန့်မှ ရွှေ့ပြောင်းလိုသည့် အိမ်ထောင်စုများအား မြို့မဘုန်းကြီးကျောင်းတွင် ယာယီရွှေ့ပြောင်းပေးခဲ့ပါသည်။

အဆိုပါ ရေဝင်ရောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ၁၇ ၀၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်း သတင်းရရှိပါသည်။