၁၁.၉.၂၀၁၉ ရက်နေ့၊ (၁၅ ၀၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ဈေးကုန်းရပ်ကွက်၊ အုပ်စု(၁)၊ မီးရထားဝင်းအတွင်းရှိ ဈေးဆိုင်တန်းပေါ်သို့ လုံးပတ်(၃၀)ပေ၊ အမြင့်(၆၀)ပေခန့်ရှိ‌သော ညောင်ပင်လဲကျမှုဖြစ်ပွားကြောင်း (၁၅ ၁၅)အချိန်သတင်းရရှိသဖြင့် မိုးကောင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၅)ဦးတို့ဖြင့်သွားရောက်၍ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။