၁၁.၉.၂၀၁၉ ရက်နေ့၊ (၀၆ ၄၅)အချိန်ခန့်၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ကဝါးယံကျေးရွာအနီး မန္တလေးမြို့မှ ဖားကန့်မြို့သို့ ယာဉ်မောင်း ဦးတင်ထူးအောင် မောင်းနှင်လာသော ယာဉ်အမှတ် (7P/3606) NISSANအမျိုးအစား ဒီဇယ်(၄၈၀၀)ဂါလန်တင်ဆောင်လာသော ဆီသယ်ယာဉ်သည် ဘယ်ဘက်ရှေ့ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသို့ ထိုးကျမှုဖြစ်ပွားကြောင်း (၀၉ ၀၅)အချိန်သတင်းရရှိသဖြင့် မိုးကောင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် သွားရောက်၍ မီးလောင်မှုမဖြစ်ပွားစေ‌ရန် ဆီသယ်ယာဉ်အား အပူချိန်လျော့ချ အအေးပေးခြင်း သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။