ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ ကြေးနန်းရပ်ကွက်တွင် ၁၄.၅.၂၀၂၁ ရက်နေ့၊ ၁၃ ၅၀ အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လျှပ်စစ်ဝန်ထမ်းအိမ်ယာရှိ ကျွန်းပင်သည် အမြစ်မှပြိုလဲပြီး ဝန်ထမ်းအိမ်ယာပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း မိုးမောက်မြို့နယ်မီးသတ်စခန်းမှ ၁၃ ၅၂ အချိန်တွင် သတင်းရရှိသဖြင့် သန္ဓေ(၇)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၄ ၃၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရပါသည်။