၂၈.၁၀.၂၀၂၀ ရက်နေ့၊ ၀၅ ၁၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ အမှတ် (ညပ/၁၇၉)ရှိ  (၂၇x၂၄)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ တမံသလင်းခင်း နံကပ်(၂)ထပ်နေအိမ်ရှိ မီးဖိုခေျာင်တွင် လူစောင့်မရှိဘဲ လျှပ်စစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး အနီးရှိ မီးဖိုချောင်သုံးပစ္စည်းများအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ၀၅ ၁၃ အချိန် သတင်း ရရှိသဖြင့် ဗန်းမော်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ မြို့မအရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန် (၈၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅ ၃၀ အချိန် မီးငြိမ်းပါသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂၇x၂၄)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ တမံသလင်းခင်း နံကပ်(၂)ထပ်နေအိမ်၏ မီးဖိုဆောင်၊ အိမ်သုံးပစ္စည်းနှင့် မော်တော်ဆိုင်ကယ်(၃)စီးတို့ မီးလောင်ခံရပြီး ပိုင်ရှင် အား ဗန်းမော်မြို့မရဲစခန်းမှ (ပ) ၂၁၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိရပါသည်။