(၆.၆.၂၀၁၉)ရက်နေ့၊ (၀၉ ၀၀)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာအနီး နန့်ကျရီချောင်းအတွင်းလူ(၁)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားကြောင်း (၀၉ ၅၀)အချိန် သတင်းရရှိသဖြင့် မိုးမောက်မြို့နယ်မီးသတ်စခန်းမှ စေတနာမိုးလူမှုကူညီမှုအသင်းကား (၁)စီးနှင့်အတူ သန္ဓေ(၅)ဦး၊ အရန် (၃)ဦး တို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူအား မိုးမောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ စေတနာမိုးလူမှုကူညီရေးအသင်း ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် မိုးမောက်မြို့နယ်ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၂/ ၂၀၁၉)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။