၂၆.၁၀.၂၀၂၀ရက်နေ့၊ ၀၉ ၃၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကောင်းစင့်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားကြောင်း ၀၉ ၃၂အချိန် သတင်းရရှိသဖြင့် ဗန်းမော်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး စက်လှေ(၁)စီး၊ သန္ဓေ(၁၀)ဦးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၂ ၃၀ အချိန် လုပ်ငန်းများဆောင်ရွက်ပြီးစီးပါသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် မြစ်ကမ်းဘေးနေ အိမ်ထောင်စု(၁)စုမှ ကျား(၂)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၅)ဦးတို့အား ဘေးလွတ်ရာ ဆွေမျိုးများနေအိမ်သို့ ကူညီရွှေ့ပြောင်းပေးခဲ့ပါကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သတင်းရရှိပါသည်။