၂၇.၉.၂၀၂၀ ရက်နေ့၊ ၀၈၄၈ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ခွန်သာရပ်ကွက် မြေနိမ့်ပိုင်းတွင် ဧရာဝတီမြစ်ရေ (၁)ပေခန့် ဝင်ရောက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် အိမ်ထောင်စု (၈)စု၊ ကျား(၁၂)ဦး၊ မ(၁၉)ဦး စုစုပေါင်း (၃၁)ဦးတို့အား ရေဘေးလွတ်ရာ မင်းစည်ဘုန်းတော်ကြီးကျောင်းသို့ ဗန်းမော်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၉)ဦးတို့ဖြင့် ကူညီပြောင်းရွှေ့ပေးရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၁၁၀၀ အချိန်တွင် ဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သတင်းရရှိပါသည်။