(၆.၆.၂၀၁၉)ရက်နေ့၊ (၀၁ ၅၅)အချိန်ခန့်၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ (၅)မိုင်စီအင်ကျေးရွာနေ အိမ်ရှင် ဒေါ်ခမ်းလျှမ်၏ (၂၇x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည်(၁)ထပ်နေအိမ်တွင် ဓာတ်မီးအားသွင်းရာမှ မီးပလပ်ခုံ ဝါယာရှော့ဖြစ်ကာ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း (၀၁ ၅၈)အချိန်သတင်းရရှိသဖြင့် ဗန်းမော် ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ(၂၀)ဦး၊ အရန် (၁၀)ဦးတို့ဖြင့် ရေဂါလန် (၃၀၀၀) ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၀၂ ၄၀) အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်ခမ်းလျှမ် သေဆုံးခဲ့ပြီး (၂၇x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည်(၁)ထပ်နေအိမ် (၁)လုံး မီးလောင်ခံရပါသည်။ ဆုံးရှုံးမှုတန်ဖိုး ၁,၆၀၀,၀၀ဝိ/-(ကျပ်တစ်ဆယ့်ခြောက်သိန်း)ခန့် ဖြစ်ကြောင်းနှင့် မီးပေါ့ဆသူ အိမ်ရှင် ဒေါ်ခမ်းလျှမ်အား ဗန်းမော်မြို့မရဲစခန်းမှ (ပ)၂၁၀/၂၀၁၉၊ ပုဒ်မ ၂၈၅/၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။