၂၇.၉.၂၀၂၀ရက်နေ့၊ ၁၂၂၅ အချိန်ခန့်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ ပုန်ခုန်းရပ်ကွက်နှင့် ဆင်(မ်)ဆာ့(ကွက်သစ်)ရပ်ကွက်ကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်-လီဒိုလမ်းမကြီးပေါ်တွင် အရှည်(၁၀)‌ပေ၊ အကျယ်(၁၈)ပေရှိ သံကူကွန်ကရစ် တံတားသည် ရေတိုက်စား၍ ကျိုးကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တနိုင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ခရီးသွားပြည်သူများ သွားလာရေး ခက်ခဲမှုမရှိစေရန် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။  အဆိုပါ သံကူကွန်ကရစ်တံတား ကျိုးကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ၁၇၀၀ အချိန်တွင် ဆောင်ရွက်ပြီးစီးကြောင်း သတင်းရရှိပါသည်။