၂၆.၉.၂၀၂၀ ရက်နေ့၊ ၁၀၀၀ အချိန်ခန့်၊ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုကြောင့် ရစ်လော်ခေါင်ရပ်ကွက်နေ (၃၀x၁၈)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းနေအိမ်(၁)လုံး ပြိုကျပျက်စီးမှုဖြစ်ပွားကြောင်း ၁၀၀၅ အချိန် သတင်းရရှိသဖြင့် ချီဖွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၂၀)ဦးတို့သည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့်  ၁၇၀၀ အချိန်တွင် ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။