(၂၈.၁၁.၂၀၁၉)ရက်နေ့၊ (၁၂ ၀၀)အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ စစ်ကုန်းကျေးရွာ အုပ်စု၊ စစ်ကုန်းကျေးရွာနေ ပိုင်ရှင် ဒေါ်စန္ဒာမိုး၏  (၁၈×၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိအကာသို့ မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း (၁၂ ၀၅) အချိန် သတင်း ရရှိသဖြင့် ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦး တို့ဖြင့် ရေဂါလန်(၁၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၁၂ ၄၀)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့်  (၁၈×၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊  (၁၅×၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် (၁)လုံးနှင့်  (၁၀×၁၀)ပေ၊ သက်ငယ်မိုး၊ ထရံကာ၊ မြေစိုက်နွားတင်းကုတ်(၁)လုံးမီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁,၄၆၇,၉ဝဝိ/- (ကျပ်တစ်ဆယ့်လေးသိန်းခြောက်သောင်းခုနစ်ထောင့်ကိုးရာ)ခန့် ဖြစ်ကြောင်းနှင့် ပိုင်ရှင် ဒေါ်စန္ဒာမိုးအား ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရဲစခန်းမှ (ပ)၁၀၀၅/ ၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။