ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ထူးကြီးမြို့၊ အမှတ်(၁)ရပ်ကွက်၊ သမာဓိလမ်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ၂၇.၇.၂၀၂၁ ရက်နေ့၊ ၁၁ ၂၀ အချိန်ခန့်၊ လုံးပတ်(၂၀)ပေ၊ အမြင့်(၁၂၀)ပေရှိသော ကုကိ္ကုပင်သည် မိုးသည်းထန်စွာရွာသွန်းပြီး မြေသားပျော့အိမှုကြောင့် အနီးရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်(၃)လုံးပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း  ထူးကြီးမြို့နယ်မီးသတ်စခန်းမှ ၁၁ ၄၅ အချိန် သတင်းရရှိသဖြင့် သန္ဓေ(၅)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ ၁၆ ၀၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်း သိရသည်။