(၂၇.၂.၂၀၂၀)ရက်နေ့၊ (၁၂ ၃၀)အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ညောင်ဝိုင်းကြီးကျေးရွာအနီးရှိ ပိုင်ရှင် ဦးခင်ဇော်ဦး၏ (၆၀x၁၅)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တွင်ခုံ လုပ်ငန်းနှင့် နေအိမ်တွင် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိ အကာထရံသို့ မီးကူးစက်ကာ မီးလောင်မှု ဖြစ်ပွားကြောင်း (၁၂ ၃၅) အချိန် သတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၁၀)ဦး၊ ဆားမလောက်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ သန္ဓေ(၁၀)ဦးတို့ဖြင့် ရေဂါလန်(၁၆၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ (၁၂ ၅၅)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် (၆၀x၁၅)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တွင်ခုံလုပ်ငန်းနှင့် နေအိမ်(၁)လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၂,၈၃၅,၀၀ဝိ/- (ကျပ်နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းငါးထောင်) ခန့် ဖြစ်ကြောင်းနှင့် ပိုင်ရှင် ဦးခင်ဇော်ဦး အား ဆားမလောက်နယ်မြေရဲစခန်းမှ (ပ)၉၇/၂၀၂၀၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားပါကြောင်း သတင်းရရှိပါသည်။