(၂၇.၃.၂၀၂၀)ရက်နေ့၊ (၂၀ ၄၅)အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ (၆၀x၂၀)ပေ၊ သွပ်မိုး၊ အုပ်ညှပ်၊ ပျဉ်ခင်း အဖျော်ယမကာ စတိုးဆိုင်တွင်မီးလောင်မှုဖြစ်ပွားကြောင်း (၂၀ ၅၀)အချိန် သတင်းရရှိသဖြင့် တိုင်းဒေသကြီးမီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ် (၄)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေ(၆၇)ဦး၊ အရန်(၃၀)ဦးတို့ဖြင့် ရေဂါလန် (၁၅၀၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ပြီး (၂၁ ၁၅)အချိန် မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် အဖျော်ယမကာ စတိုးဆိုင်၏ (၃၀x၂၀)ပေခန့် မီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၂,၇၀၀,၀၀ဝိ/- (ကျပ်နှစ်ဆယ့်ခုနှစ်သိန်း)ခန့်ဖြစ်ပါကြောင်းနှင့် အရေးယူခံရမည့်သူ၊ (ပ)နံပါတ်တို့မှာ (စုံစမ်းဆဲ)ဖြစ်ပါကြောင်း သတင်းရရှိပါသည်။
Recent Posts
- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ မြရည်ပုလဲလမ်း မီးလောင်မှုသတင်း
- ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်၊ နတ်မောက်လမ်းတွင် ရွှေအိုးကမ္ဘာစိုက်ပျိုးရေးပစ္စည်းအရ ....
- မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကျောက်စစ်ကန်ကျေးရွာ၊ ပုဂံမီးရထားဘူတာဝန်း ဝန ....
- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်၊ ပုဒုမ္မာ(၃)လမ်းတွင် နေအိမ်မီ ....
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရပ်ပူရပ်ကွက်တွင် နေအိမ်မီးလောင်မှုသတင်း
Recent Comments