(၂၈.၃.၂၀၂၀)ရက်နေ့၊ (၁၈ ၃၅)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၉) မန္တလေးလမ်းရှိ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ပလပ်စတစ်ကာ၊ မြေစိုက် ရွှေညီ နောင်ကား/ ဆိုင်ကယ် ရေဆေးဆီလိုက်ဆိုင်တွင် ဆိုင်ကယ်ရေဆေးပြီး စက်နှိုးစဉ် ဘတ္တရီရှော့ဖြစ်ရာမှ ဆီယိုနေသော ကာပရိုက်တာသို့ မီးကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားကြောင်း (၁၈ ၃၈)အချိန် သတင်းရရှိသဖြင့် လားရှိုးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၇၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် (၁၅x၁၅)ပေ၊ သွပ်မိုး၊ ပလပ်စတစ်ကာ၊ မြေစိုက်(၁)လုံး၊ ဆိုင်ကယ် (၂)စီးမီးလောင်ခံခဲ့ရပြီး ဆုံးရှုံးမှုတန်ဖိုး ၃၁၂,၅၀ဝိ/- (ကျပ်သုံးသိန်းတစ်သောင်းနှစ်ထောင့် ငါးရာ)ခန့် ဖြစ်ပါကြောင်းနှင့် ပိုင်ရှင်အား လားရှိုးမြို့မရဲစခန်းမှ (ပ)၂၁၀/၂၀၂၀ ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပါကြောင်း သတင်းရရှိပါသည်။
Recent Posts
- တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ မြရည်ပုလဲလမ်း မီးလောင်မှုသတင်း
- ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၁)ရပ်ကွက်၊ နတ်မောက်လမ်းတွင် ရွှေအိုးကမ္ဘာစိုက်ပျိုးရေးပစ္စည်းအရ ....
- မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကျောက်စစ်ကန်ကျေးရွာ၊ ပုဂံမီးရထားဘူတာဝန်း ဝန ....
- တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်ရပ်ကွက်၊ ပုဒုမ္မာ(၃)လမ်းတွင် နေအိမ်မီ ....
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရပ်ပူရပ်ကွက်တွင် နေအိမ်မီးလောင်မှုသတင်း
Recent Comments