၂၉.၅.၂၀၁၉ ရက်နေ့၊ (၂၃ ၀၀)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နမ့်တွန်း ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၈၉/၄)နှင့် (၁၈၉/၅)အကြား လားရှိုးမှ သိန္နီသို့ ယာဉ်မောင်း ကိုယ်ပိုင်အမှတ်-တ/၄၀၀၃၄၀ တပ်သား မျိုးထက်အောင် အမှတ်(၉၁၂) စစ်မြေြပင် အင်ဂျင်နီယာတပ်ရင်း၊ MI အမျိုးအစား မြေထိုးစက်အား တင်ဆောင်၍ မောင်းနှင်လာသော ယာဉ်အမှတ်(8L/3118) DongFeng အမျိုးအစား(အပြာရောင်) (၁၂)ဘီးယာဉ်သည် ဘရိတ် ပေါက်၍အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိမြောင်းထဲသို့ထိုးကျရာမှ ကွန်ကရစ် မြေထိန်းနံရံအား ဝင်တိုက်မှုဖြစ်ပွားကြောင်း (၂၃ ၁၅)အချိန်သတင်းရရှိသဖြင့် လားရှိုးခရိုင် မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေ(၈)ဦတို့ဖြင့် သွားရောက်၍ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ခေါင်းခန်းအတွင်း ညပ်နေသော ဒုအရာခံဗိုလ် ဦးမောင်မောင်စိုးအား ကူညီကယ်ထုတ်ပေးခဲ့ရာ အောက်ပိုင်းပြတ် ဒဏ်ရာဖြင့်သွေးထွက်လွန်၍ အခင်းဖြစ်နေရာတွင်(သေဆုံး)နှင့် အတူလိုက်ပါလာသူ ဒုတပ်ကြပ် ဇော်လင်းထိုက်(၃၂)နှစ်သည် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး ယာဉ်မောင်း ကိုယ်ပိုင်အမှတ်-တ/၄၀၀၃၄၀ တပ်သား မျိုးထက်အောင်မှာ အခင်းဖြစ်နေရာမှ ထွက်‌ပြေး တိမ်းရှောင်သွားခဲ့ပါကြောင်း သတင်းရရှိပါသည်။