(၅.၈.၂၀၁၉)ရက်နေ့၊ (၁၇ ၃၀)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာတွင် နေထိုင်သော အိမ်ရှင် ဦးတင်ဇော်ဦး (ထွက်ပြေး)သည် အရက်ကြောင်ကြောင်၍ (၂၈x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ်နေအိမ်၏ထရံကာကို ဓါတ်ဆီလောင်းမီးရှို့ရာမှ မီးလောင်မှု ဖြစ်ပွားကြောင်း (၁၇ ၃၃) အချိန် သတင်းရရှိသဖြင့် မန်စံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ (၅)ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၁၇ ၅၀)အချိန်မီးငြိမ်းပါသည်။ မီးရှို့မှုကြောင့်  (၂၈x၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ်နေအိမ်(၁)လုံး မီးလောင်ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၁၀၅၀၀ဝိ/-(ကျပ်တစ်သိန်း ငါးထောင်)ခန့် ဖြစ်ကြောင်းနှင့် အိမ်ရှင်ဦးတင်ဇော်ဦးအား နမ္မတူမြို့မရဲစခန်းမှ (ပ)၁၅/၂၀၁၉ ၊ ပုဒ်မ ၄၃၆ဖြင့် အမှုဖွင့်အ‌ရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။