၃၀.၅.၂၀၁၉ ရက်နေ့၊ (၁၉ ၃၀)အချိန်ခန့်၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်း ရပ်ကွက်၊ ရတနာလမ်းရှိ ပိုင်ရှင် ဒေါ်အေးအေးသင်း၏ (၃၆x၁၅)ပေ၊ RC (၂)ထပ်၊ ကုန်စုံဆိုင်ခန်း မြေညီထပ်တွင် ပလပ်စတစ်ဓါတ်ဆီပုံးမှ ပလပ်စတစ်ဗူးထဲသို့ ဓါတ်ဆီဖလှယ်စဉ် တည်ငြိမ် လျှပ်စစ်ဖြစ်ပြီး မီးကူးစက်လောင်မှုဖြစ်ပွားကြောင်း (၁၉ ၃၃)အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၃၁)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၇၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ (၂၁ ၀၀)အချိန်မီးငြိမ်းပါသည်။ မီးလောင်မှုကြောင့် ကုန်စုံဆိုင်အတွင်းရှိ စားသောက်ကုန်ပစ္စည်းများ၊ အိမ်တွင်းပစ္စည်းများနှင့် ဓါတ်ဆီ(၅)ဂါလန်(၂)ပုံးခန့် မီးလောင် ခံရပြီး ဆုံးရှုံးမှုတန်ဖိုး ၃,၅၀၀,၀၀ဝိ/-(ကျပ်သုံးဆယ့်ငါးသိန်း)ခန့် ဖြစ်ကြောင်းနှင့် ပိုင်ရှင် ဒေါ်အေးအေးသင်းအား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၂၉၀/၂၀၁၉၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။