ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ရွှေကျောင်းရပ်ကွက်၊ သရဖီလမ်းတွင် ၂၈.၇.၂၀၂၁ ရက်နေ့၊ ၀၉ ၄၂ အချိန်ခန့်က လုံးပတ်(၄)ပေ၊ အရှည်(၅၀)ပေခန့်ရှိသော ကုက္ကိုပင်သည် အမြစ်ပွ၍ လဲကျပြီး လမ်းပေါ်တွင်ရပ်ထားသော (၂၂)ဘီးယာဉ်ပေါ်သို့ ပိမိနေကြောင်း သီပေါမြို့နယ်မီးသတ်စခန်းမှ ၀၉ ၄၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၀ ၄၅ အချိန်တွင် ပြီးစီးခဲ့ကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် (၂၂)ဘီးယာဉ်၏ လေကာမှန်ပျက်စီး၍ ဘော်ဒီအနည်းငယ်ပိန်ချုံ့ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရသည်။